စာမျက်နှာများ

Saturday, September 29, 2012

စက်တင်ဘာလ အတွက်ဗေဒင်

ဆရာမျိုးဟန်ကို - 2012, September လ အတွက် ဗေဒင် ဟောစတမ်း


၁။ တနင်္ဂနွေသားသမီးများ အတွက်

ယခုလအတွင်း အလုပ်အကိုင် ကိစ္စများ အဆင်မပြေသေးပဲ ဖြစ်နေမည်။ အလုပ်အသစ် နေရာအသစ်များ ရရှိမည်။ အကြီးအကဲ ထံမှ အကူအညီရမည်။ ယခုလအတွင်း ငွေကြေးကိစ္စများ မမိစုမိသော အချိန်ဖြစ် နေပါသည်။ ပျော်ရွှင်မှုများ ရလာပါမည်။ ခရီးထွက်ရမည်။ ပညာရေး ကံကောင်းနေသာ အချိန်လေး ဖြစ်ပါသည်။ အချစ်ရေးမှာ ချစ်သူနဲ့ ပြန်လည်ဆုံမည်။ အိမ်ထောင်ရေး ကိစ္စများ အဆင်ပြေနေသာ အချိန်လေးပါ။ ကျန်းမာရေးမှာ ချောင်းဆိုးခြင်း ၊ အအေးမိခြင်း ဖြစ်မည်။ အကျိုးပေးသော ဂဏန်း ။ ။ ၇ ၈ ၉ ၀ ယတြာ = ကံကောင်းစေရန်အတွက် တနင်္ဂနွေနေ့နံနက်ပိုင်းတွင် နေအိမ်ရှိ ဘုရားကျောင်းဆောင်အား သန့်ရှင်းရေးလုပ်ပြီး ဆုတောင်း လိုက်ပါ။

၂။ တနင်္လာ သားသမီးများ အတွက်

ယခုလအတွင်း မိမိ စိတ်ကူးနေသော ကိစ္စများ အကောင်အထည် ဖော်ဖြစ်မည်။ အလုပ်အကိုင် ကိစ္စများ ပုံမှန်လေး လုပ်ကိုင်နေရမည်။ ယခုလတွင်း စမ်တူကိစ္စများ အဆင်မပြေပါ။ ငွေကြေးကိစ္စများ ဒီလအတွင်း အဆင်ပြေနေမည်။ စက်ပစ္စည်း ပျက်မည်။ ရွှေဝင် ရွှေထွက်မည်။ လူဝင်မည်။ ခရီးကိစ္စများ အဆင် မပြေသေးပါ။ ကြန့်ကြာနေမည်။ ပညာရေး တိုးတက်လာမည်။ အချစ်ရေးမှာ အချစ်အသစ်နဲ့ တွေ့ရမည်။ ဒီလအတွင်း အိမ်ထောင်ရေးကိစ္စများ အဆင်မပြေသေးပါ။ ကျန်းမာရေးမှာ မတော်တဆ ထိခိုက်မှုများ အနည်းငယ် ဖြစ်မည်။ အကျိုးပေးသော ဂဏန်းများမှာ ။ ။ ၃ ၆ ၅ ၁ ယတြာ = တနင်္လာနေ့ နံနက်ပိုင်းတွင် နေအိမ်အတွင်း သန့်ရှင်းရေးလုပ်၍ ကံကောင်း လာစေရန် အတွက် ဆုတောင်းလိုက်ပါ။ 

AB သွေးပိုင်ရှင်များ အကြောင်း

          ခေတ်သစ် လူသား များ ဖြစ်တဲ့ - AB
၁။ နုနယ်သေးသော အေဘီ သွေးအုပ်စု ရဲ့  အကြောင်း က ယခုထိ ပဟေဠိ ဆန်နေဆဲပဲဖြစ်ပါတယ်။
၂။ အေ အုပ်စု နဲ့ ဘီ အုပ်စု ပူးပေါင်းရာမှ ပေါ်ပေါက်လာတယ်လို့ ယူဆထားတယ်။
၃။ ပတ်ဝန်းကျင်နဲ့ အစားအသောက် အပြောင်းအလဲကို လိုက်လျောညီထွေ နေနိုင်မှုဟာ အံ့သြစရာပဲ။
၎။ ဒါပေမဲ့ ထိရှလွယ်တဲ့ အစာရေမျိုပြွန်ကို ပိုင်ဆိုင်ထားတယ်။
၅။ လွန်လွန်ကဲကဲ ခံနိုင်အားရှိသော ရောဂါခုခံကာကွယ်မှုစနစ်က နေရာယူထားတယ်။
၆။ ကိုယ်ကာယအား၊ တီထွင်ဆန်းသစ်သော စွမ်းအင်တို့ဖြင့် အကောင်းဆုံးတုံ့ ပြန်နိုင်တယ်။
၇။ ဆင့်ကဲဖြစ်စဉ် ရဲ့ အံ့သြဖွယ် အစိတ်အပိုင်းတစ်ခုလို့လဲ ပြောနိုင်တယ်။
ထိုထက်ပို၍ဆိုရလျှင် ...

နောက်ဆုံးကဗျာ


                                နောက်ဆုံးကဗျာ
  

ရှောင် ပြေး ခွဲ ထွက်
အသက် သခင် မေတ္တာရှင် ရယ်
နင် ဘယ်ရောက်နေမလဲ
ရင်တော်ပြန် လမ်းမှာ
ပန်းတွေ အလွမ်းတွေ အနမ်းတွေ နဲ့
နင့် ခြေလှမ်း တစ်စုံ ကို
မှန်းမျှော်နေကြ ။
တမ်းတကာ လွမ်းသမျှမှောက်တော့
ပိတောက်တွေလည်း အကြိမ်ကြိမ် ပွင့်ခဲ့ပြီ
ချောင်းရေထက်က ပိတောက်လို
နောက်တစ်ယောက်နဲ့ ဆုံ စည်းနေပြီလား ?
နွေဦးမှာ ခွဲ
လွဲခဲ့တဲ့ ငယ်ချစ်
ဘဝသစ် တစ်ခု ဖန်ဆင်း
နင်းချန်တဲ့ ငါ့ရင်ခွင်
ဆင်ခြေ မပေးပါနဲ့တော့
နင်လေ မဝေးခဲ့ ရင်
ပိုင်ဆိုင် ခွင့် လေးတော့ ငါ ရဦးမယ် ။
အခုတော့
အလွမ်းကြား
စည်းတွေ နံရံတွေ ခြားမှ
နင်ပြန်လာတယ်
သက်တံ့ တားချိန်
မိုးမရွာတော့
ခေါင်းမော့ ကျန်ရစ်
အချစ်တွေ ……. မျက်ရည်တွေ …….. ရွက်ကြွှေတွေ ……..
နောက်
ဒီကဗျာ တစ်ပုဒ်ပါ။    ။
                                               UCH လူငယ်များ .......သို

Friday, September 28, 2012

ငါ့ဘဝရဲ့နင်


 ငါဘဝရဲ့နင်


မျက်ရည် တစ်စက်
စာပေါ်ကျလို့
နင့်ဘ၀ ကို
တမ်းတ တာက
ငါ့ အတ္တ ။ ။
ဆောင်းကြို မိုးည
ကြယ်ကြွေ ခမှာ
နင့်အလှ ကို
လွမ်းရတာ က
ငါ့ ဘ၀ ။ ။

ကြယ်ဖြူ


                                                      ကြယ်ဖြူ                                                    


ကောင်မလေး နင်ဟာ
ဖြူစင် သန့်ရှင်း လင်းလက် တောက်ပ
မိုးထက်က ကြယ်ဖြူတစ်ပွင့် ။
ဦးတည်ချက်မရှိ မျောချင်ရာမျော
လောကထက်မှာ လွင့်ချင်ရာလွင့်တဲ့
ငါက လေလွင့်တိမ် ။
ငါ လာရင် နင်မှိန်တယ်
ငါ ပြေးရင် နင်ထိန်တယ်
အဝေးက ငါ နင်သာတာကို
မျှော်ငေးရင်း ဆွေးသထက်ဆွေးခဲ့
လွမ်းသူ့ရင်မှာ မျက်ရည်ခိုးဝေ
မိုးစက်တွေ ဖြစ် ကာ မြေပြင်ပေါ် ခုန်ဆင်းခဲ့ ။
နက္ခတ်စုံ ညမှာ
ကြယ်ဖြူ တစ်ပွင့် လည်း ကြွေလွင့်ခဲ့ ။
ငါ လွမ်းတယ် ကြယ်ဖြူရယ်
ရေခြား မြေခြားမှာ
အသည်းနင့်အောင် ချစ်နေရသူမို့
နက်ရှိုင်းတဲ့ အလွမ်းဒဏ်ကို
အလူးအလဲ ခံစားနေရချိန်မှာ
ယဲ့ယဲ့ လေးပြုံးရင်း
ဆုတောင်းနေတယ်
( နှောင်းအရပ်
ကောင်းကင်ထက်က
ကျိန်စာဆိုးတွေ
ပြေပါစေ)  လို့




waiyanhtun

Thursday, September 27, 2012

အပျိုကြီးဖတ်စာ
က-ကောင်လေးငယ် ချစ်စဖွယ်။
ခ-ချစ်သူမြန်မြန်ယူ။
ဂ-ဂဏန်းတွက် တချက်ချက်။
င-ငယ်ကျွမ်း တလို့ လွမ်း။
စ-စိပ်ပုတီး ချလို့ ညည်း။
...
ဆ-ဆံပင် အလွန်ပြင်။
ဇ-ဇရာထောင်း ကြည့် မကောင်း။
ဈ-ဈေးကွဲတွင် ရောင်းဖို့ ပြင်။
ည-ညအခါ ငိုချင်လာ။
တ-တိုးတိုးဖော် လိုပြီနော်။
ထ-ထောင်းထောင်းကြေ စိတ်ဓာတ်တွေ။
ဒ-ဒေါသ ထိန်းမရ။
န-နဖူးစာ လွဲခဲ့တာ။
ပ-ပူညံညံ လုပ်တတ်ပြန်။
ဖ-ဖွံ့ ဖွံ့ ဖြိုး အသားတိုး။
ဗ-ဗေဒင်မေး နောင်အရေး။
ဘ-ဘုတ်ဆုံမ ရှောင်ရှားကြ။
မ-မာယာစုံ သုံးလို့ ကုန်။
ယ-ယတြာများ ချေလို့ ထား။
ရ-ရွှင်အပြုံး ဟန်ဆောင်သုံး။
လ-လူလွတ်များ လာသာထား။
ဝ-၀မ်းစာရေးကြံလို့ တွေး။
သ-သံသရာ ရှည်လှတာ။
ဟ-ဟုတ်မှန်တာ လုပ်တော့မှာ။
အ-အထုပ်ပြင် စခန်းဝင် ။  
                                       

သင်သေသွားသော်


Friday, September 21, 2012

မိုးပြေး (သို့မဟုတ် ရင်မှလာသော ကဗျာတစ်ပုဒ် )

မိုးပြေး

စွဲ  ၀င်  စိုက်  တိုး
မြတ်နိုး  ရစ်  ချည်
သည်လူ့ရင်မှာ
အုံ့မှိုင်းကာ စွေသယောင်ပြ
လျှက်လက်လို့ မိုးပါခြိမ်းခဲ့
ရင်ခွင်နန်းစံ မင်းလာဖို့
နှလုံးသားတစ်ခုကို ငါယစ်ပူဇော်ခဲ့တယ် ။
ဒါပေမယ့် မိုးရယ်
မိုးရိပ်တွေ ပြ မိုးနံ့တွေပေးပြီး
ရုတ်တရတ် နင်ထွက်ခွာသွားတယ် ။
ရင်ခွင်တ၀ိုက် မှာ 
မင်းစိုက်ခဲ့တဲ့ မေတ္တာပျိုးပင်တွေ 
မိုး   လို့ မြည်တမ်းနေတာ 
မသိဟန်ပြုလို့ 
နှုတ်မဆက်ဘဲ 
နင်ခွဲရက်တယ် ။
လတ်ဆတ်ဆဲ အလွမ်းတွေနဲ့
ဟတ်တတ်ကွဲ အသည်းမှာ 
ပက်ကြားတွေတောင် အက်နေပြီ ။
အိုအေစစ်မဲ့ 
ရှားစောင်းထူတဲ့ 
ငါ့ဘ၀မှာ
ရေတွင်းတူးရင်း 
မိုးပြေးကို မျှော်နေဆဲ ။       ။



Wednesday, September 12, 2012

blog အကြောင်း

ကျွန်တော်တို့သည် လူငယ်များ ဖြစ်ကြသည် ။  

လူငယ်ပီပီ လူငယ်အကျင့် လူငယ်ဘာသာဘာဝ နေတတ်ထိုင်တတ်ကြသည် ။

ထိုအကျင့် ထို အလေ့ များကို အလေးထားကာ ယခု blog ကို ဖန်တီးလိုက် ခြင်း ဖြစ်သည် ။

 

 

 waiyanhtunlay.blogspot.com