စာမျက်နှာများ

Tuesday, October 9, 2012

အဲဒီနေ့က

အဲဒီနေ့က
မိုးမရွာဘူး နေပူတယ်
အဲဒီနေ့က
တိမ်မရှိဘူး နေပူတယ်
အဲဒီနေ့က
လေမတိုက်ဘူး နေပူတယ်
အဲဒီနေ့က
နင်မလာဘူး ငါ ရင်ပူတယ်

Sunday, October 7, 2012

မျက်ရည်မဲ့ မျှော်လင့်ခြင်းလမ်းခွဲ

ကံကြမ္မာရဲ့ အာဏာအောက်မှာ
ဒူးထောက်ရတဲ့
ငါတို့နှစ်ယောက်
ကျောချင်းကပ်ရာမှ
တဖြည်းဖြည်း ဝေးခဲ့ကြတယ်
တမာပွင့်တွေ ကြွေပါစေ
ငါ မလွမ်းစေရဘူး
ဥသြတွေ တေးဆိုလိမ့်မယ်

နင် တော့ မငိုနဲ့
ငါ့ရင် မှာ နင် ထာဝရ
နင့်ရင် မှာ အချိန်တိုင်း ငါ
ဘာလိုသေးလဲ ကောင်မလေးရယ်
ခြစ်ခြစ်တောက် နေပူပူအောက်မှာ
ကိုယ့်ရင်ခွင်ရဲ့ အေးချမ်းခြင်းကို
သတိရ ပြီး လျှောက်ပါ
ကိုယ့်မျက်နှာ ကို မြင်ယောင်ပြီး ပြုံးပါ
ကိုယ့်စကားသံကို ကြားယောင်ပြီး အားတင်းပါ
ကိုယ်လည်းပဲ
အပူပြင်းပြင်း သဲခင်းပေါ် ဆင်းခဲ့ပြီ
အတိတ်တစ်ချိန်က
ကြမ္မလေလွင့် လို့
ဝေးခဲ့တဲ့ ကိုယ်တို့ အဖြစ်ကို
မဆွေးတော့ဘူး လို့ ဆုံးဖြတ်ထားပေမဲ့
တမာတွေ ပွင့်တော့
ကိုယ်လေ ညီမကို
မျှော်နေမိတယ်

Choi Jung Won


 This is Choi Jung Won
She is pretty
I like her


 ဓာတ်ပုံ တွေ ထပ်ကြည့်ချင်ရင် ဒီကို နှိပ်ပါ ။  











အမှတ်တရများ




ကောင်မလေး
အစ်ကို နင့်ကို အရမ်းလွမ်းနေမိပြီ ………
အစက ဒီလောက်အထိ ဖြစ်လာမယ်လို့ အစ်ကို မထင်မိဘူး   …….
သံယောဇဉ်တွေ တစ်ရစ်ပြီးတစ်ရစ် မြင့်တက်လာနေတာကို အစ်ကို သတိမထားမိခဲ့ဘူး
သတိရချိန်မှာတော့  အစ်ကို အရမ်းခံစားနေရပြီ
အသားဖြူဖြူ နုနုနယ်နယ် ငယ်ငယ်ချောချော အပြုံးချိုချို သိမ်သိမ်မွေ့မွေ့ လှလှပပ ကြွကြွရွရွ အို ..
တင်စားမကုန်နိုင်တဲ့ တော်ဝင်သူလေးရယ် ……..
စာကြည့်ခန်းထဲမှာ အလွမ်းငွေ့တွေ မှောင်ပိန်းနေလို့ ကိုယ်မွန်းကျပ်နေပါပြီ …
အစ်ကို နင့်ကို စတွေ့ချိန်က ကြဲမိခဲ့တဲ့ သံယောဇဉ် မျိုးစေ့ကလေးဟာ
မျှော်လင့်မထားတဲ့အချိန်မှာ ကိုယ်တောင် ပြန်မမှတ်မိနိုင်လောက်အောင်
ဖားဖားဝေေ၀ အပင်ကြီးအဖြစ် ရှင်သန်လာပါလား   !
ကောင်မလေးရယ်
နင်မသိသေးတဲ့ အကြောင်းအရာတွေကို အစ်ကို ပြောပြမယ်နော်
ကိုယ်လေ မနက်ခင်း အိပ်ရာကထတိုင်း နင်တို့ အိမ်ရှေ့ကို အမြဲတမ်း ကြည့်နေဖြစ်ခဲ့တယ်  …….
ဒီလို အချိန်တိုင်း နင် နိုးလာပြီး အိမ်ရှေ့ ထွက်လာတယ် ……
ဖလားဖြူဖြူ လေးနဲ့ ရေခပ်ကာ ဖြူဖြူဖွေးဖွေး လက်ကလေးကို စိမ်ကာ
ဆော့တတ်တဲ့ နင့် အမူအရာလေးကို အစ်ကို လေ မျတ်တောင် မခတ်တမ်း စောင့်ကြည့် ခဲ့တယ်
အဲဒီအချိန်တွေကို အစ်ကို ဆွဲဆန့်ထားချင်ပေမယ့် မတတ်နိုင်ခဲ့ပါဘူး
အခုတော့ ဒါတွေ ပြန်မရနိုင်တော့ပါလား
နံနက်ခင်းတိုင်း မှာ တွေ့ချင်နေတုန်းပဲ ကောင်မလေးရေ

အစ်ကို နင့်ကို သတိရတိုင်း နှလုံးသား album လေးကို ထုတ်ကြည့် ဖြစ်တယ်
စုစုပေါင်း လေး ပုံတိတိ ရှိတဲ့  album လေး ပါ
ပထမဆုံးပုံလေးက -
အစ်ကို နင့်အိမ်ရောက်တုန်းက ကိစ္စတစ်ခုနဲ့ ရောက်တုန်းက
အစ်ကို ခုံလေးပေါ်မှာ ထိုင်နေတုန်း
နင်အိမ်ထဲက ထွက်လာတယ်လေ
နင် မှတ်မိမှာပါ ကောင်မလေးရေ
အဲဒီတုန်းက အစ်ကိုတို့နှစ်ယောက် တစ်ခဏတာ အကြည့်ချင်း ဆုံမိခဲ့ကြသေးတယ်လေ
အဲ့ဒီ အရမ်းလှတဲ့  မျတ်ဝန်းလေးကို အစ်ကို တစ်သက် မမေ့တော့ပါဘူး
ရေချိုးပြီးကာစ ခေါင်းလျှော်ရည်နံ့သင်းသင်းလေး က အရမ်း မွှေးနေတာပဲ
အင်္ကျီအကွက် ပွပွ ဂျင်းဘောင်းဘီအဖြူ တိုတိုလေး နဲ့လေ
ဒုတိယပုံဟာလည်း  -
ရေချိုးပြီးကာစလေးမှာပဲ
အင်္ကျီ ဘောင်းဘီ တွဲလျက် အဖြူရောင် ကိုယ်ကျပ် တိုတိုလေးနဲ့လေ
ကိုယ့်အတွက် အမှတ် အရဆုံး ပုံလေးပါပဲ
လက်ထဲမှာ မျက်နှာသုတ်ပ၀ါ လေးကို ကိုင်သွားရင်း
လမ်းလျှောက်သွားခဲ့ တဲ့
ကိုယ့်ရင်ထဲက အဖြူရောင် နတ်သမီးလေးပါ
တတိယပုံကို -
နင် မှတ်မိမှာပါ
အဲဒီနေ့မှာ အင်္ကျီဂါဝန် တွဲလျက် အနက်နဲ့ အညိုကွက်လေးနဲ့ သိပ်လှခဲ့တဲ့
နင့်ကို အစ်ကို လက်ဆောင်လေး တစ်ခု ပေးလိုက်မိတယ်
လျှာထိုး ဦးထုပ် အဖြူ ကလေး ကို နင်ဆောင်းထားခဲ့တယ် လေ
အဲဒီ တုန်းက ပြုံးလိုက်တဲ့ နင့်အပြုံးလေးဟာ ကိုယ့်နှလုံးသား မော်ကွန်းမှာ
ပထမဦးဆုံး သမိုင်းဝင် သွားခဲ့ပါတယ်
နောက်ဆုံးပုံလေးကတော့  -
ကောင်မလေး
နင် အစ်ကို ရှေ့မှာ ကြာကြာလေး နေရချိန်မှာလေ
အစ်ကို နင့်ကို မျတ်တောင် မခတ် စိုက်ကြည့် မိခဲ့တယ်
အစ်ကို ကြည့်နေမှန်းသိတော့ ခေါင်းလေးကုတ် လိုက် ရှက်ရမ်းရမ်း လိုက် နဲ့
နီမြန်းနေတဲ့ နင့်မျက်နှာလေးကို ကိုယ် အခုထိ စွဲလမ်းနေတုန်းပါ
ဒါတွေ မင်းလေး သိစေဖို့
ဒါတွေ မင်းလေး နားလည်ဖို့ပါ
မျက်စိအောက်က အပျောက်မခံ ရအောင် ချစ်ရသူ  ကောင်မလေးရယ်
အစ်ကို့ရင်တွေ  မွန်းကျပ်နေတယ်
အစ်ကို နင့်မျက်နှာလေး ကို မြင်ယောင်လာပြီ
ဒီအချိန်ဆို နင် ဘာလုပ်နေမလဲ
အစ်ကို သိတာပေါ့
၆  နာရီ ထိုးပြီလေ
ဒီအချိန်ဆို နင် အိပ်ရာက နိုးလာပြီ
ဖလားဖြူဖြူ လေး နဲ့ ရေအပြည့်ခပ်
ရှေ့ချ ကာ လက်ကလေးကို စိမ်
မိနစ် ၂၀ ခန့် ကြာအောင် ဆော့နေတော့မည်
အစ်ကို မြင်ချင်ပေမယ့် မမြင် ရတော့ပြီ
ရေခြား မြေခြားမှာ နံနက်ခင်းတိုင်း နင် အိပ်ရာထချိန်လေးကို မှန်းမျှော် ကြည့်နေရတယ်
ကောင်မလေးရေ
အစ်ကို နင့်နာမည်ကို သိဖို့ မကြိုးစားခဲ့ပါဘူး
အလွမ်းတွေ မနိုင်မနင်း သယ်သွား ရတာတင် သေမတတ် ခံစားနေရပြီ
နာမည်လေးကို သာ နှုတ်က တဖွဖွ ရွတ်နေရရင်တော့
အစ်ကို ခံစားနိုင်တော့မယ် မထင်ဘူး
အစက ဒီလောက်အထိ ဖြစ်လာမယ်လို့ အစ်ကို မထင်မိဘူး   …….
အစ်ကို နင့်ကို အရမ်းလွမ်းနေမိပြီ ………
ကောင်မလေး


ဘ၀လက်တွဲဖော် ကြန်အင်လက္ခဏာ နဲ့ပြည့်စုံတဲ့ ကောင်မလေးရယ်
နင်
ငါ့အချစ်တွေကို သိမ်းပိုက်ပြီး နှလုံးသားနန်းတော် ထဲက
သခင်မဲ့ ပလ္လင် ထက်မှာ ဘုရင်မ အဖြစ် စိုးစံ ပါလေတော့ !
ကြင်နာယုယခြင်းများက ခစားဖို့အသင့်ပါ 


ရေခြား မြေခြားမှာ   အသည်းနင့်အောင် ချစ်နေရသူမို့  နက်ရှိုင်းတဲ့ အလွမ်းဒဏ်ကို  အလူးအလဲ ခံစားနေရချိန်မှာ
ယဲ့ယဲ့လေးပြုံးရင်း
                         နင် ပျော်ရွှင် နေပါစေ
                         နင် အဆင်ပြေနေပါစေ
                         နင် အောင်မြင်နေပါစေ
                                                              ငါဆုတောင်း ပေးနေပါ့မယ်
                                           အသက်ငွေ့ငွေ့လေး ကျန်တဲ့အထိ



နှောင်းနောင်တ

အထီးကျန်ကောင်းကင်ယံမှာ
တိမ်ညိုတွေဖုံးလွှမ်း
ကြယ်စင်တွေမြေခလို့
လမင်းကြီးငိုနေလေရဲ့
တကယ်တော့
ကြယ်ကြွေတာ သဘာဝမို့
တိမ်ဖုံးလို့လမသာတာလည်း
မထူးဆန်းပါဘုး
နှင်းဆီိကိုမှရွေးချစ်ပြီး
မာနဆူးကိုလျစ်လျူပြုခဲ့တဲ့
ငါ့ကိုယ်ငါပဲ အပြစ်တင်ရမှာပါ
ခံနိုင်ရည်မဲ့နှလုံးသားကိုမှ
်စိမ်းကားမှုဆူးတစ်ချောင်းဖောက်ထွင်း
ရက်စက်မှူနွယ်ရှင်များကြား
ကြေကွဲခြင်းဝေဒနာကို
သံစဉ်အဖြစ်ပျော်ဝင်စေခဲ့
အချစ်ဆိုတာ
အလွမ်းဖြစ်တည်ရာ မြစ်ဖျားမှန်း
သိလိုက်ရချိန်မှာ
ကျေးငှက်တွေအိပ်တန်းတက်လို့
တမာတွေတောင်ငိုနေလေရဲ့

ဆူးသစ်


အကြည့် တစ်ချက်
သတိပျက်ခဲ့
နင့်ရဲ့ အလှမှာ
ဘဝ တစ်ခု စတေး
မဝေးတဲ့ ချစ်ခြင်း အတွက်
မေတ္တာမိုးတွေ ညို့ခဲ့တယ်        




ကောင်မလေးရယ် အရမ်းလွမ်းတယ်  တစ်နေ့နေ့မှာ မင်းနဲ့ငါ ..........

                       ဝေယံထွန်း

အပျိုးမှားသောပန်း


                       အပျိုးမှားသောပန်း
မေတ္တာရေ တစ်စက်
ဖြန်းပက်လို့ အသက်ဆက်
ရင်ထဲက ပန်းတစ်ခက်
အတက်အလက်တွေထွက်
ငှက်တစ်ကောင် ဖြစ်ကာ
ပျံတက် ထွက်ခွာ
ဌာနေ ရင်ထံ ခြေစုန် ပြင်းကန်
မင်းပြန်ရာ လမ်းတစ်လျှောက်
ဆူးညှောင့် ကန်သင်း ကင်းပါစေ ။
ရင်ခွင်ဆွေးရစ် ပန်းနစ်ခြေရာမှာ
နေမွှေးကြွေမွှေး ခရေပန်းလေးလို
မွှေးဆဲ ကြိုင်ဆဲ ပါပဲလေ ။
အတောင်ညောင်းရင်
ပြန်ခဲ့ နေဟောင်း
မေတ္တာ မပြောင်းသလို
သစ္စာ အတွက်ပါ ဆုတောင်းပေးမယ် ။
ငှက် တဖြစ်လဲ ပန်းခရေ
မျက်ရည် အခင်းပေါ် ခြေလှမ်းရင်း
လမ်းတစ်လျှောက် ပိတောက်ကမ်း
အနမ်းတစ်ပေါက် ခြောက်ခမ်း
ပြန်လာမယ့် လမ်းမှာ
အလွမ်းတွေ နဲ့ ကြိုပါရစေ ။         
                                      ဝေယံထွန်း

Saturday, October 6, 2012

မောင်မောင်တလွဲများ


အဲဒါ ပြောတာပဲ လေ့လာပါ လေ့လာပါ ဆိုတော့ ခွေးဖင်ပူးတာ ထိုင်ကြည့်နေတယ် ။ ခေါင်းသုံး ခေါင်းသုံး ဆိုတော့ မြေလှိမ့်ဘောလာတဲ့ ဘောလုံး ခေါင်းနဲ့ တိုက်တယ် ။

ကာလ ကြာသော အချစ်





              တစ်ခါ တစ်ရံ တွင် အချစ်သည် ဒီလို ဖြစ်တတ်သည် ။      ။

ထောက်ခံပါသလား

အချစ်ဆိုတာ အလုပ်မရှိသူတွေအတွက်
အလုပ်ကြီး အကိုင်ကြီး ဖြစ်ပေမယ့်
အလုပ်ရှိသူတွေ အတွက်တော့ အလုပ်ပို တစ်ခုလို
ဖြစ်နေတတ်တယ် တဲ့ ။

Friday, October 5, 2012

ဒဏ်ရာ

သိုက်မြုံကိုခြေကန်
        ပျံလေသည့် ငှက်ခါး
     တံလျှပ်ကိုရေထင်ပြီး
          ရွှေသမင် အလိုက်မှားခဲ့ပေါ့
     အမြင်မှာ စိန်ထင်ပြီးကောက်ကြည်.
          ဖျင်းခနဲရှမှ ပုလင်းကွဲမှန်းသိတော့တယ်
       အခုတော့ ငါ့နှလုံးသားမှာ
           အမာရွက်တစ်ခု ကျန်ခဲ့ပြီ
 
                                                        ဆူးသစ်

အယူခံ

        ချစ်တယ်လို့ပြောဖို့ခွန်အား
        နှလုံးသားကပေးစွမ်းပေမယ့်
        ဘဝရဲ့အသိကလက်မခံခဲ့ဘူး
        ကောင်းကင်နဲ့မြေ ကြီး ပေါင်းစပ်ဖို့
        မလွယ်သလို
        နီးစပ်ဖို့မလွယ်တဲ့
        နင်နဲု့ငါရဲ့ ဇာတ်လမ်းမှာ
        မဖြစ်ချင်လို့နောက်ဆုတ်ခဲ့တာ
        မဟုတ်ဘူး
        မဖြစ်နိုင်လို့ရှေ့မဆက်ခဲ့တာပါ
        သတ္တိကြောင်တယ်လို့ပြောချင်ပြောပါ
        သူရဲဘောနည်းတယ်လို့ ထင်ချင်ထင်ပါ
        အချိန်လွန်မှ နောင်တရရင်
       ပေးဆပ်ရမဲ့တန်ဖိုးက
       အသည်းနှလုံး တစ်ခုလုံးမို့ပါ .....

                                                             ဆူးသစ်

အရှုံးသမားရဲ့ ဒိုင်ယာရီ


by Htoozaw Myo on Friday, September 14, 2012 at 3:44pm ·
ဖြူစင်လွန်းတဲ့ မင်းမျက်ဝန်းတွေထဲ
ငါ ရိုးရိုးလေး ကျဆုံးခဲ့တာပါ....
ဆို့နစ်ကြေကွဲ မျက်ရည်တစ်စက်နဲ့
ကြယ်ကြွေညတိုင်း .....
အသက်မဲ့အလွမ်းအိပ်မက်တွေမက်နေမိတယ်
တိမ်တွေရဲ့ မျက်ရည်နဲ့အတူ
ရင်းနှီးခွင့် ရခဲ့တဲ့ ကြွေကွဲတေးတစ်ပုဒ်
အရှုံးသမားရဲ့ မျက်ရည်နဲ့အတူ
စီးဆင်းခဲ့ရပေါ့.....
ဝိုးတဝါး အသိတရားတို့ကြား
မျှော်လင့်ချက်မဲ့ ရှင်သန်မှုနဲ့
နှလုံးသားရဲ့မျက်ရည်မြစ်ထဲ
အလွမ်းပန်းတွေ စီးမျောရင်း
အမုန်းဒဏ်သင့် ငှက်တစ်ကောင်ကတော့
ငိုကြွေးမှု သံစဉ်နဲ့
အဆွေးသီချင်းတွေ သီဆိုလျက်ပါ....

                                                       ဆူးသစ်

ဂုဏ်ငယ်ပန်း


by Htoozaw Myo on Friday, October 5, 2012 at 9:43pm ·
သူ့ရဲ့ အရောင်ကနီရဲရဲ
ဒါ ... ရဲရင့်ခြင်းရဲ့ပြယုဂ်ပေါ့
ဒါပေမယ့်

နှင်းဆီလို မာနဆူးသူ့မှာမရှိဘူး
သဇင်လို တော်ဝင်ပန်းမဟုတ်ဘူး
သူဟာဂုဏ်ငယ်ပန်း .....
ပိတောက်တွေ သစ္စာမဲ့ချိန်မှာတောင်
သူသစ္စာမပျက်ခဲ့ဘူး
လေထန်ထန် မိုးမှောင်မှောင်မှာ
မိုးဒဏ်လေဒဏ်ကိုအံတု
လောကကိုအလှခြယ်
မလျော့သော ဇွဲနဲ့ရဲရဲနီလျက်ပဲ
မြေမှာကြွေကျ အကြွေပန်းဘဝနဲ့
မြေခချိန်မှာ လူသူဖြတ်နင်းလည်းပဲ
သူမတုန်လှုပ်ဘူး
သူပွင့်မြဲပွင့်ခဲ့တယ်
ပန်သူမရှိ မြတ်နိုးသူနတ္ထိ
လူတွေရဲ့ ဥပေက္ခာကိုခံယူ
လောကကိုအလှဆင်သူ ...စိန်ပန်း
သြော် ...... အားကျဖွယ်ကောင်းလိုက်တာ။

ဆူးသစ်

Wednesday, October 3, 2012

ကြယ်ဖြူသို့

ကြယ်ထု ကြယ်ဖွေး
ကြယ်စုဝေးကြား
ကြယ်တူတွေ ဘယ်လောက်များများ
ကြယ်ဖြူရယ်
နင်က ငါ့ကောင်းကင်မှာ
အထည်ဝါဆုံးပါ ။    ။

အချစ်ဦး

တစ်သက်တစ်ခါ
တစ်လွှာတစ်ရွက်
တစ်ခက်တစ်ပွင့်
ငုံအဆင့်မို့
ရင့်လို့ပဲဝါဝါ
ညှာတံပဲပြုတ်ပြုတ်
ဖြုတ်ခနဲပဲကြွေကြွေ
မြေမှာပဲရောက်ရောက်
ဖွဖွကလေးကောက်လို့
ပန်းခြောက်လေးပဲမြတ်နိုးမယ် ။

                                                                                                                        မောင်စိန်ဝင်း (ပုတီးကုန်း)



ထာဝရ

အိပ်မက်စမ်းချောင်း၊
ဖြတ်သန်းစီးဆဲ၊ စူးရဲဖြာကျ၊
ဘဝနေပူ၊ စုပ်ယူခန်းခြောက်၊
စမ်းရေပျောက်၏။
ဆုံစည်းမှုပန်းငုံ၊
ထုံမည်ပွင့်ဆဲ၊ မုန်တိုင်းထဲမှာ
အလွှာလေကြမ်း၊ ဝှေ့ယမ်းခြွေချ၊
ပန်းကြွေကျ၏။
သမုဒယအမြစ်၊
သူ့ မှသူ့  ဆိုတဲ့ “အချစ်”၊
နှစ်လကြာရှည်၊ ရာသီများစွာ၊
ဘယ်သူမှ လာမနှုတ်၊
အလွမ်းသမုဒ္ဒရာလဲ၊
စမ်းမဟုတ်ပါဘဲ၊
အစဉ်အမြဲနေ၊ သခင်ခွဲပေမယ့်၊
ရင်ထဲထာဝရရှိနေသည်။ ။

                                                                                                   မောင်စိန်ဝင်း (ပုတီးကုန်း)

Angry Birds ဂိမ်းနောက်ဆက်တွဲ ၀က်တွေရဲ့ကလဲ့စား Bad Piggies ဂိမ်း

Angry Birds ဂိမ်းများဖြင့် နာမည်ကျော်ခဲ့သည့် ဖင်လန်ဂိမ်းကုမ္ပဏီ Rovio က လောက်လေးဖြင့် ပျံသန်းတိုက်ခိုက်သော ငှက်တို့ကို လက်စားချေသည့် ၀က်များအဖြစ် သရုပ်ဖော်ထားသည့် Bad Piggies ဂိမ်းကိုထုတ်လုပ်လိုက်ပြီဖြစ်သည်။
စက်တင်ဘာလ ၂၇ ရက်နေ့က စတင်ဖြန့်ချီသည့် ဂိမ်းကို Angry Birds ဂိမ်းများကို ဒေါင်းလုပ်ရယူမှု အများဆုံးမြို့တစ်မြို့ဖြစ်သော တိုင်ပေတွင် စတင်မိတ်ဆက်ခဲ့သည်။



                                                  မူရင်း လင့်ခ် သို့
http://www.first-11.com/

Monday, October 1, 2012

မြန်မာနိုင်ငံ ရေကြောင်း အင်ဂျင်နီယာ အသင်းမှ ကြီးမှူးပြီး Maritime ဆိုင်ရာ စာမေးပွဲနဲ့ အောင်လက်မှတ် စနစ်များ အကြောင်း စာတမ်း ဖတ်ပွဲကို
စက်တင်ဘာ ၂၉ ရက်နေ့က ရန်ကုန်မြို့ IBC ခန်းမမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ စာတမ်း ဖတ်ပွဲမှာ ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးမှ (MEO) Myanmar Marire Engineer Officer နဲ့ သင်တန်းများနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြား ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ရေကြောင်း အင်ဂျင်နီယာဘွဲ့ MMU Maritime Tech Diploma (MMMC) ရဲ့ ကျွမ်းကျင်မှု ပိုင်းတွေ လုပ်တဲ့အခါ တက်ရောက် ရမယ့် သင်တန်း ကာလတွေ၊ အဆိုပါ Workshop Skill Training တွေ၊ ပင်လယ်ပြင် လက်တွေ့ သင်တန်းတွေနဲ့ ပတ်သက်ပြီး စနစ်သစ်တွေကို အသေးစိတ် ရှင်းလင်း ပြောကြား ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။