စာမျက်နှာများ

Thursday, October 11, 2012

လမင်းကြီး

                                                                      လမင်းကြီး

ရင်မှာ...လမင်းတစ်စင်းသာသာလို့ ပေါ့

ကိုယ်ကောင်းကင်မှာ...ကြယ်စင်ကင်းမဲ့

အလင်းရောင်က............သံစဉ်နဲ့ တွဲကာ

နှလုံးသားကို.............အေးမြစေတာပေါ့

ဒီလမင်းကြီး..................သာချင်ရာသာ.

ချစ်လွန်းလို့ ...................ကိုယ်မတားပါ

လင်းချင်ရာလင်း............နားခိုချင်ရာခို

ကိုယ်ယုံကြည်တာက...ကိုယ့်လမင်းက

ကိုယ့်ရင်မှ..ဘယ်တော့ ခွဲမသွားအသိ

ကိုယ့်ကောင်းကင်မှာ...လမင်းအတွက်

အချစ်တို့ ဖြင့်.................ရောင်ခြယ်

စက္ကုရုံမှာ.. .မြင်ရတဲ့သက်တံက

ကိုယ်သံယောဇဉ် ....... ငွေ့ တန်းပေါ့

လမင်းလေး....ကိုယ်ကောင်းကင်မှာ

အသက်တဆုံး.............သံသရာတိုင်

လင်းပပါစေ.............လမင်းအတွက်

ကိုယ့်ရင် ...........ကိုယ့်နှလုံးသားကို

အမြဲတမ်း..နှင်းအပ်ထားလျက်ပါလေ.......။

                                                                                          လွမ်းသူနောင်(အခြေခံကျန်းမာရေးတက္ကသိုလ်)

ရခိုင်ပြည်

                                                              ""'"ရခိုင်ပြည်""'


ကျွန်တော်တို့ ရခိုင်ပြည်သည်....အမရပူရနန်းတည်ဘကြီးတော်ဘုရားလက်ထက်တောင်အခါ

က..နန်းသိမ်းခံခဲ့ရသည်။ရခိုင်မြေ မှ အတတ်ပညာရှင်၊လက်မှုပညာသည်များ၊ဘုရားရုပ်ပွားတော်(

ယခုမန္တာလေးမဟာမြတ်မုနိ)၊လူပေါင်းတစ်သိန်းကျော် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ထိုမှ

အင်းဝတွင် ..ရာထူးအလိုက်နေရာ ချပေးကြောင်း..မှန်နန်းရာဇ၀င်တွင်..တွေ့ ရသည်။ထို့ ကြောင့်


အင်းဝလက်ရာများတွင်..ရခိုင်အမွေလက်ရာများ..ပါဝင်ရောယှက်နေသည်။

ထိုအချိန်မှ..စ၍...ရခိုင်မြေတွင်...လက်မှုပညာရှင်၊ဗိသုကာပညာရှင်များ...ရှားပါးခဲ့သည်။

သို့ သော်ရခိုင်မြေပေါ်...အဖိုးမဖြတ်နိုင်သောအမွေအနှစ်များ...ကျန်ရှိခဲ့ သည်။တချိန်ကရခိုင်ပြည်

(ရက္ခပူရတိုင်း)သည်...မင်းအဆက်ဆက်အထိ...ပုထိုးတသင်းသင်း၊ရုပ်ပွားတော်တပြာင်ပြောင်နှင့်

သာသနာအရောင်အဆင်းသည် ..အံဖွယ်ဘနန်းတင့်ခဲ့သည်။ရခိုင်တစ်မျိုးသားလုံးအတွက်...အဖိုး

မဖြတ်နိုင်သော..ဘိုးဘွားအမွေ၊သာသနာ့အမွေ။

မြန်မာပြည်..အဂ်လိပ်လက်အောက်..မရောက်မီ...ရခိုင်မြေသည် စောစီးစွာ...ကျရောက်ခဲ့၏။

အဂ်လိပ်တို့ သည် ရခိုင်သမိုင်းကို...အမှားအယွင်းများဖြင့် ..ရေးသားခဲ့ ၏။အန္ဒိယပြည်မှ.....

အလုပ်သမားများကို....ဈေးပေါ်ပေါ်ဖြင့်..အဂ်လိပ်တို့ ..တင်သွင်းကာ....တစ်ပြည်လုံးစီးပွားရေးကို

ချယ်လှယ်ခဲ့ကြသည်။

မြည်မာပြည်...လွတ်လပ်ရေးရသော်လည်း...အုပ်ချုပ်ရေးက..မထိရောက်၊မနိုင်မနင်း။မြန်မာ

ပြည်ပေါ်..ကုလားများ ကျန်ရှိနေခဲ့ သည်။အဂ်လိပ်ထွက်သွားသော်လည်း..သူတို့ က..တို့ ပြည်

ကို...ကိုယ်ပြည်လို..အိုးအိမ်ထူထောင်ကြသည်။သူတို့ ဓလေ့ထုံးစံအရ..မဟုတ်သော်လည်း

ယောက်ျားတစ်ယောက်..မိန်းမ သုံးယောက်လေးယောက် ယူ၍...မျိုးဆက်ပွားလာကြသည်။

မြန်မာတစ်ပြည်လုံး....ကုလားပြန့် ပွားစေသော ဖြစ်အင်။

ရခိုင်ပြည်နယ်စပ်မှ....ကုလားများ..ရခိုင်ပြည်တွင်းသို့ ..အသောအနင်း...ခြေကုပ်နေထိုင်လာ

ကြသည်။ခုဆို..ကျွန်တော့်အမ်းမြို့ နယ်၊တောင်ကုတ်မြို့ နယ်၊သံတွဲမြိုနယ်မှ..လွဲ၍..ရခိုင်ပြည်

တစိပြည်လုံး...နီးပါး.....ကုလားများ...ပြန်ကျဲနေသည်။

ရခိုင်ဘုရားများသည်....မှတ်တမ်းများအရ...ပုဂံထက်များသည်။ရှေးကျသည်။သို့ သော်လည်း

ပုဂံလို..ရွေရောင် ...တ၀င်းဝင်းမရှိ။ရှေးမူမပျက်..တည်ရှိနေသည်။သဘာဝဘေးအန္တာရာယ်ကြောင့်

ပျောက်ကွယ် သွားသည်လည်း...ရှိသည်။အကြောင်းရင်းမှာ...ရခိုင်ပြည်သည်...ကုန်သွယ်မှု..

ခက်ခဲသည်။ရခိုင်သားတို့ ချို့ တဲ့ သည်။တိုးတက်မှု နှေးသည်။

ရခိုင်၊ဘင်ဂလီအရေးတဲ့ ။ရခိုင်သားတို့ သည်...အမျိုးကို..ချစ်သည်။အသားထဲက.လောက်ထွက်

သည့်.တစ်ချိုက...လွဲ၍။ရခိုင်မြေနှင့်..သာသနာသည်..........ခွဲခြား၍မရ။ရခိုင်လူမျိုးရှိနေသရွေ့ 

.....သာသနာသည် ရခိုင်မြေပေါ်မှ ..ပျောက်ကွယ်၍..မသွား။
သိုသော်...တစိမ့်စိမ့်..တွေးကြည့်လျှင်....လူမျိုးပျောက်ကွယ်မည့် အရေး၊သာသနာ ပျောက်ကွယ်

မည့် အရေးနှင့်  ကြုံတွေ့ နေရသည်။

ရခိုင်မြေပေါ်....ရခိုင်အချိုးနှင့်  ကုလားအချိုးမှာ 8း5 လောက် ရှိသည်။Buddha ဘာသာဝင်

တိုင်းသည်...အေးချမ်းမှု ကိုသာ လိုလားကြသည်။ယခင်က အေးချမ်းသည်။ခုလောလော ဆယ်

မအေးချမ်းပါ။ပြသနာအားလုံးကို...အပြိးသတ်စေချင်သည်။

ရခိုင်အမျိုးသမီးသည်...ကုလားမယားဖြစ်နေသည်လည်း..ရှိသည်။ရခိုင်သမိးတို့ ...ကိုယ်အမျိုး

ကို ..ချစ်ကြပါ။ရခိုင်က ကုလားကို ယူ၊ကုလားက ရခိုင်ကို..ယူလျှင်.....ရခိုင်လူမျိုးများ...ရခိုင်မြေ၊

မြန်မာပြည်၊ကမ္ဘာမှ...ရခိုင်လူမျိုး....ပျောက်ကွယ်ပြီ။ရခိုင်မြေပေါ် ..ကုလားမူဆလင်.များလာလျှင်

ဘုရားပုထိုးများကို..ဖျက်ဆီးကြလိမ့်မည်။၊ပြီးနောက်..........ပျောက်ကွယ်သွားလိမ့်မည်။..ရခိုင်လူ

မျိုးတို့၏နိဂုံးသည်....လူမျိုးလညိးပျောက်.....သာသနာလည်းပျောက်...ဖြစ်သွားလိမ့်မည်။

ရခိုင်သား၊ရခိုင်သမီးတို့ 

'"အမျိုးကို ...ချစ်ကြပါ။အမျိုးကို ...ထိန်းသိမ်းစောင့်ရှောက်ပါ။ကာကွယ်ကြပါ။"'


""ရခိုင်လူမျိုး၊သာသနာ..တိုးတက်အောင်...ပျိုးထောင်ကြပါ။"
 
စိုးမင်းသန်း ရေးသော post ဖြစ်ပါတယ် 

Tuesday, October 9, 2012

1500


နင့်အတွက် ..... ငါ


လှပချောမွေ့တဲ့ မာယာတွေသုံး
ဓါးတုံးတုံးနဲ့ နှလုံးသားကိုဖြတ်ယူ
ရက်စက်စွာထားရက်ခဲ့သူ …
အမှတ်မထင် အကြည့်ချင်းခလုတ်တိုက်မိတောင်
မမြင်ဟန်ပြု မသိယောင်ဆောင်ပြီး
သက်ပြင်းတစ်ခု ခိုးချလိုက်ပါ့မယ် …
ဒါပေမယ့်
မင်းနဲ့ပတ်သတ်သမျှ
အမှတ်မထင်တွေးတောမိတိုင်း
ပီတိမဲ့နှလုံးသားကျောက်ရုပ်က
လေမတိမ်းဘဲ ယိမ်းတဲ့သစ်ပင်အိုလို
မျှော်လင့်ခြင်းအိပ်မက်တွေမက်နေမိတယ် …
ချစ်ခြင်းနဲ့နှောင်ခဲ့တဲ့သံယောဇဉ်
စိမ်းကားစွာနင်ဖြတ်ရက်ခဲ့ပေမယ့်
ရှင်သန်နေဆဲ ငါ့နှလုံးသားကတော့
စစ်မှန်တဲ့ သစ္စာတရားတွေရှိနေဆဲပါ …….။      ။
                     
                                                                      ဆူးသစ်

friends

သူငယ်ချင်းများစွာ
နောက်ဆုံးခွဲခွာ

1500

ချစ်သည်
အသည်းနင့်အောင် ချစ်သည်
သစ္စာကိုတည် နင့်ကို ရည်လို့
သည် ချစ် စ ကား ငါဆိုပြီ .

အဲဒီနေ့က

အဲဒီနေ့က
မိုးမရွာဘူး နေပူတယ်
အဲဒီနေ့က
တိမ်မရှိဘူး နေပူတယ်
အဲဒီနေ့က
လေမတိုက်ဘူး နေပူတယ်
အဲဒီနေ့က
နင်မလာဘူး ငါ ရင်ပူတယ်

Sunday, October 7, 2012

မျက်ရည်မဲ့ မျှော်လင့်ခြင်းလမ်းခွဲ

ကံကြမ္မာရဲ့ အာဏာအောက်မှာ
ဒူးထောက်ရတဲ့
ငါတို့နှစ်ယောက်
ကျောချင်းကပ်ရာမှ
တဖြည်းဖြည်း ဝေးခဲ့ကြတယ်
တမာပွင့်တွေ ကြွေပါစေ
ငါ မလွမ်းစေရဘူး
ဥသြတွေ တေးဆိုလိမ့်မယ်

နင် တော့ မငိုနဲ့
ငါ့ရင် မှာ နင် ထာဝရ
နင့်ရင် မှာ အချိန်တိုင်း ငါ
ဘာလိုသေးလဲ ကောင်မလေးရယ်
ခြစ်ခြစ်တောက် နေပူပူအောက်မှာ
ကိုယ့်ရင်ခွင်ရဲ့ အေးချမ်းခြင်းကို
သတိရ ပြီး လျှောက်ပါ
ကိုယ့်မျက်နှာ ကို မြင်ယောင်ပြီး ပြုံးပါ
ကိုယ့်စကားသံကို ကြားယောင်ပြီး အားတင်းပါ
ကိုယ်လည်းပဲ
အပူပြင်းပြင်း သဲခင်းပေါ် ဆင်းခဲ့ပြီ
အတိတ်တစ်ချိန်က
ကြမ္မလေလွင့် လို့
ဝေးခဲ့တဲ့ ကိုယ်တို့ အဖြစ်ကို
မဆွေးတော့ဘူး လို့ ဆုံးဖြတ်ထားပေမဲ့
တမာတွေ ပွင့်တော့
ကိုယ်လေ ညီမကို
မျှော်နေမိတယ်

Choi Jung Won


 This is Choi Jung Won
She is pretty
I like her


 ဓာတ်ပုံ တွေ ထပ်ကြည့်ချင်ရင် ဒီကို နှိပ်ပါ ။  











အမှတ်တရများ




ကောင်မလေး
အစ်ကို နင့်ကို အရမ်းလွမ်းနေမိပြီ ………
အစက ဒီလောက်အထိ ဖြစ်လာမယ်လို့ အစ်ကို မထင်မိဘူး   …….
သံယောဇဉ်တွေ တစ်ရစ်ပြီးတစ်ရစ် မြင့်တက်လာနေတာကို အစ်ကို သတိမထားမိခဲ့ဘူး
သတိရချိန်မှာတော့  အစ်ကို အရမ်းခံစားနေရပြီ
အသားဖြူဖြူ နုနုနယ်နယ် ငယ်ငယ်ချောချော အပြုံးချိုချို သိမ်သိမ်မွေ့မွေ့ လှလှပပ ကြွကြွရွရွ အို ..
တင်စားမကုန်နိုင်တဲ့ တော်ဝင်သူလေးရယ် ……..
စာကြည့်ခန်းထဲမှာ အလွမ်းငွေ့တွေ မှောင်ပိန်းနေလို့ ကိုယ်မွန်းကျပ်နေပါပြီ …
အစ်ကို နင့်ကို စတွေ့ချိန်က ကြဲမိခဲ့တဲ့ သံယောဇဉ် မျိုးစေ့ကလေးဟာ
မျှော်လင့်မထားတဲ့အချိန်မှာ ကိုယ်တောင် ပြန်မမှတ်မိနိုင်လောက်အောင်
ဖားဖားဝေေ၀ အပင်ကြီးအဖြစ် ရှင်သန်လာပါလား   !
ကောင်မလေးရယ်
နင်မသိသေးတဲ့ အကြောင်းအရာတွေကို အစ်ကို ပြောပြမယ်နော်
ကိုယ်လေ မနက်ခင်း အိပ်ရာကထတိုင်း နင်တို့ အိမ်ရှေ့ကို အမြဲတမ်း ကြည့်နေဖြစ်ခဲ့တယ်  …….
ဒီလို အချိန်တိုင်း နင် နိုးလာပြီး အိမ်ရှေ့ ထွက်လာတယ် ……
ဖလားဖြူဖြူ လေးနဲ့ ရေခပ်ကာ ဖြူဖြူဖွေးဖွေး လက်ကလေးကို စိမ်ကာ
ဆော့တတ်တဲ့ နင့် အမူအရာလေးကို အစ်ကို လေ မျတ်တောင် မခတ်တမ်း စောင့်ကြည့် ခဲ့တယ်
အဲဒီအချိန်တွေကို အစ်ကို ဆွဲဆန့်ထားချင်ပေမယ့် မတတ်နိုင်ခဲ့ပါဘူး
အခုတော့ ဒါတွေ ပြန်မရနိုင်တော့ပါလား
နံနက်ခင်းတိုင်း မှာ တွေ့ချင်နေတုန်းပဲ ကောင်မလေးရေ

အစ်ကို နင့်ကို သတိရတိုင်း နှလုံးသား album လေးကို ထုတ်ကြည့် ဖြစ်တယ်
စုစုပေါင်း လေး ပုံတိတိ ရှိတဲ့  album လေး ပါ
ပထမဆုံးပုံလေးက -
အစ်ကို နင့်အိမ်ရောက်တုန်းက ကိစ္စတစ်ခုနဲ့ ရောက်တုန်းက
အစ်ကို ခုံလေးပေါ်မှာ ထိုင်နေတုန်း
နင်အိမ်ထဲက ထွက်လာတယ်လေ
နင် မှတ်မိမှာပါ ကောင်မလေးရေ
အဲဒီတုန်းက အစ်ကိုတို့နှစ်ယောက် တစ်ခဏတာ အကြည့်ချင်း ဆုံမိခဲ့ကြသေးတယ်လေ
အဲ့ဒီ အရမ်းလှတဲ့  မျတ်ဝန်းလေးကို အစ်ကို တစ်သက် မမေ့တော့ပါဘူး
ရေချိုးပြီးကာစ ခေါင်းလျှော်ရည်နံ့သင်းသင်းလေး က အရမ်း မွှေးနေတာပဲ
အင်္ကျီအကွက် ပွပွ ဂျင်းဘောင်းဘီအဖြူ တိုတိုလေး နဲ့လေ
ဒုတိယပုံဟာလည်း  -
ရေချိုးပြီးကာစလေးမှာပဲ
အင်္ကျီ ဘောင်းဘီ တွဲလျက် အဖြူရောင် ကိုယ်ကျပ် တိုတိုလေးနဲ့လေ
ကိုယ့်အတွက် အမှတ် အရဆုံး ပုံလေးပါပဲ
လက်ထဲမှာ မျက်နှာသုတ်ပ၀ါ လေးကို ကိုင်သွားရင်း
လမ်းလျှောက်သွားခဲ့ တဲ့
ကိုယ့်ရင်ထဲက အဖြူရောင် နတ်သမီးလေးပါ
တတိယပုံကို -
နင် မှတ်မိမှာပါ
အဲဒီနေ့မှာ အင်္ကျီဂါဝန် တွဲလျက် အနက်နဲ့ အညိုကွက်လေးနဲ့ သိပ်လှခဲ့တဲ့
နင့်ကို အစ်ကို လက်ဆောင်လေး တစ်ခု ပေးလိုက်မိတယ်
လျှာထိုး ဦးထုပ် အဖြူ ကလေး ကို နင်ဆောင်းထားခဲ့တယ် လေ
အဲဒီ တုန်းက ပြုံးလိုက်တဲ့ နင့်အပြုံးလေးဟာ ကိုယ့်နှလုံးသား မော်ကွန်းမှာ
ပထမဦးဆုံး သမိုင်းဝင် သွားခဲ့ပါတယ်
နောက်ဆုံးပုံလေးကတော့  -
ကောင်မလေး
နင် အစ်ကို ရှေ့မှာ ကြာကြာလေး နေရချိန်မှာလေ
အစ်ကို နင့်ကို မျတ်တောင် မခတ် စိုက်ကြည့် မိခဲ့တယ်
အစ်ကို ကြည့်နေမှန်းသိတော့ ခေါင်းလေးကုတ် လိုက် ရှက်ရမ်းရမ်း လိုက် နဲ့
နီမြန်းနေတဲ့ နင့်မျက်နှာလေးကို ကိုယ် အခုထိ စွဲလမ်းနေတုန်းပါ
ဒါတွေ မင်းလေး သိစေဖို့
ဒါတွေ မင်းလေး နားလည်ဖို့ပါ
မျက်စိအောက်က အပျောက်မခံ ရအောင် ချစ်ရသူ  ကောင်မလေးရယ်
အစ်ကို့ရင်တွေ  မွန်းကျပ်နေတယ်
အစ်ကို နင့်မျက်နှာလေး ကို မြင်ယောင်လာပြီ
ဒီအချိန်ဆို နင် ဘာလုပ်နေမလဲ
အစ်ကို သိတာပေါ့
၆  နာရီ ထိုးပြီလေ
ဒီအချိန်ဆို နင် အိပ်ရာက နိုးလာပြီ
ဖလားဖြူဖြူ လေး နဲ့ ရေအပြည့်ခပ်
ရှေ့ချ ကာ လက်ကလေးကို စိမ်
မိနစ် ၂၀ ခန့် ကြာအောင် ဆော့နေတော့မည်
အစ်ကို မြင်ချင်ပေမယ့် မမြင် ရတော့ပြီ
ရေခြား မြေခြားမှာ နံနက်ခင်းတိုင်း နင် အိပ်ရာထချိန်လေးကို မှန်းမျှော် ကြည့်နေရတယ်
ကောင်မလေးရေ
အစ်ကို နင့်နာမည်ကို သိဖို့ မကြိုးစားခဲ့ပါဘူး
အလွမ်းတွေ မနိုင်မနင်း သယ်သွား ရတာတင် သေမတတ် ခံစားနေရပြီ
နာမည်လေးကို သာ နှုတ်က တဖွဖွ ရွတ်နေရရင်တော့
အစ်ကို ခံစားနိုင်တော့မယ် မထင်ဘူး
အစက ဒီလောက်အထိ ဖြစ်လာမယ်လို့ အစ်ကို မထင်မိဘူး   …….
အစ်ကို နင့်ကို အရမ်းလွမ်းနေမိပြီ ………
ကောင်မလေး


ဘ၀လက်တွဲဖော် ကြန်အင်လက္ခဏာ နဲ့ပြည့်စုံတဲ့ ကောင်မလေးရယ်
နင်
ငါ့အချစ်တွေကို သိမ်းပိုက်ပြီး နှလုံးသားနန်းတော် ထဲက
သခင်မဲ့ ပလ္လင် ထက်မှာ ဘုရင်မ အဖြစ် စိုးစံ ပါလေတော့ !
ကြင်နာယုယခြင်းများက ခစားဖို့အသင့်ပါ 


ရေခြား မြေခြားမှာ   အသည်းနင့်အောင် ချစ်နေရသူမို့  နက်ရှိုင်းတဲ့ အလွမ်းဒဏ်ကို  အလူးအလဲ ခံစားနေရချိန်မှာ
ယဲ့ယဲ့လေးပြုံးရင်း
                         နင် ပျော်ရွှင် နေပါစေ
                         နင် အဆင်ပြေနေပါစေ
                         နင် အောင်မြင်နေပါစေ
                                                              ငါဆုတောင်း ပေးနေပါ့မယ်
                                           အသက်ငွေ့ငွေ့လေး ကျန်တဲ့အထိ



နှောင်းနောင်တ

အထီးကျန်ကောင်းကင်ယံမှာ
တိမ်ညိုတွေဖုံးလွှမ်း
ကြယ်စင်တွေမြေခလို့
လမင်းကြီးငိုနေလေရဲ့
တကယ်တော့
ကြယ်ကြွေတာ သဘာဝမို့
တိမ်ဖုံးလို့လမသာတာလည်း
မထူးဆန်းပါဘုး
နှင်းဆီိကိုမှရွေးချစ်ပြီး
မာနဆူးကိုလျစ်လျူပြုခဲ့တဲ့
ငါ့ကိုယ်ငါပဲ အပြစ်တင်ရမှာပါ
ခံနိုင်ရည်မဲ့နှလုံးသားကိုမှ
်စိမ်းကားမှုဆူးတစ်ချောင်းဖောက်ထွင်း
ရက်စက်မှူနွယ်ရှင်များကြား
ကြေကွဲခြင်းဝေဒနာကို
သံစဉ်အဖြစ်ပျော်ဝင်စေခဲ့
အချစ်ဆိုတာ
အလွမ်းဖြစ်တည်ရာ မြစ်ဖျားမှန်း
သိလိုက်ရချိန်မှာ
ကျေးငှက်တွေအိပ်တန်းတက်လို့
တမာတွေတောင်ငိုနေလေရဲ့

ဆူးသစ်


အကြည့် တစ်ချက်
သတိပျက်ခဲ့
နင့်ရဲ့ အလှမှာ
ဘဝ တစ်ခု စတေး
မဝေးတဲ့ ချစ်ခြင်း အတွက်
မေတ္တာမိုးတွေ ညို့ခဲ့တယ်   ။      ။




ကောင်မလေးရယ် အရမ်းလွမ်းတယ်  တစ်နေ့နေ့မှာ မင်းနဲ့ငါ ..........

                       ဝေယံထွန်း

အပျိုးမှားသောပန်း


                       အပျိုးမှားသောပန်း
မေတ္တာရေ တစ်စက်
ဖြန်းပက်လို့ အသက်ဆက်
ရင်ထဲက ပန်းတစ်ခက်
အတက်အလက်တွေထွက်
ငှက်တစ်ကောင် ဖြစ်ကာ
ပျံတက် ထွက်ခွာ
ဌာနေ ရင်ထံ ခြေစုန် ပြင်းကန်
မင်းပြန်ရာ လမ်းတစ်လျှောက်
ဆူးညှောင့် ကန်သင်း ကင်းပါစေ ။
ရင်ခွင်ဆွေးရစ် ပန်းနစ်ခြေရာမှာ
နေမွှေးကြွေမွှေး ခရေပန်းလေးလို
မွှေးဆဲ ကြိုင်ဆဲ ပါပဲလေ ။
အတောင်ညောင်းရင်
ပြန်ခဲ့ နေဟောင်း
မေတ္တာ မပြောင်းသလို
သစ္စာ အတွက်ပါ ဆုတောင်းပေးမယ် ။
ငှက် တဖြစ်လဲ ပန်းခရေ
မျက်ရည် အခင်းပေါ် ခြေလှမ်းရင်း
လမ်းတစ်လျှောက် ပိတောက်ကမ်း
အနမ်းတစ်ပေါက် ခြောက်ခမ်း
ပြန်လာမယ့် လမ်းမှာ
အလွမ်းတွေ နဲ့ ကြိုပါရစေ ။          ။
                                      ဝေယံထွန်း

Saturday, October 6, 2012

မောင်မောင်တလွဲများ


အဲဒါ ပြောတာပဲ လေ့လာပါ လေ့လာပါ ဆိုတော့ ခွေးဖင်ပူးတာ ထိုင်ကြည့်နေတယ် ။ ခေါင်းသုံး ခေါင်းသုံး ဆိုတော့ မြေလှိမ့်ဘောလာတဲ့ ဘောလုံး ခေါင်းနဲ့ တိုက်တယ် ။

ကာလ ကြာသော အချစ်





              တစ်ခါ တစ်ရံ တွင် အချစ်သည် ဒီလို ဖြစ်တတ်သည် ။      ။

ထောက်ခံပါသလား

အချစ်ဆိုတာ အလုပ်မရှိသူတွေအတွက်
အလုပ်ကြီး အကိုင်ကြီး ဖြစ်ပေမယ့်
အလုပ်ရှိသူတွေ အတွက်တော့ အလုပ်ပို တစ်ခုလို
ဖြစ်နေတတ်တယ် တဲ့ ။

Friday, October 5, 2012

ဒဏ်ရာ

သိုက်မြုံကိုခြေကန်
        ပျံလေသည့် ငှက်ခါး
     တံလျှပ်ကိုရေထင်ပြီး
          ရွှေသမင် အလိုက်မှားခဲ့ပေါ့
     အမြင်မှာ စိန်ထင်ပြီးကောက်ကြည်.
          ဖျင်းခနဲရှမှ ပုလင်းကွဲမှန်းသိတော့တယ်
       အခုတော့ ငါ့နှလုံးသားမှာ
           အမာရွက်တစ်ခု ကျန်ခဲ့ပြီ
 
                                                        ဆူးသစ်

အယူခံ

        ချစ်တယ်လို့ပြောဖို့ခွန်အား
        နှလုံးသားကပေးစွမ်းပေမယ့်
        ဘဝရဲ့အသိကလက်မခံခဲ့ဘူး
        ကောင်းကင်နဲ့မြေ ကြီး ပေါင်းစပ်ဖို့
        မလွယ်သလို
        နီးစပ်ဖို့မလွယ်တဲ့
        နင်နဲု့ငါရဲ့ ဇာတ်လမ်းမှာ
        မဖြစ်ချင်လို့နောက်ဆုတ်ခဲ့တာ
        မဟုတ်ဘူး
        မဖြစ်နိုင်လို့ရှေ့မဆက်ခဲ့တာပါ
        သတ္တိကြောင်တယ်လို့ပြောချင်ပြောပါ
        သူရဲဘောနည်းတယ်လို့ ထင်ချင်ထင်ပါ
        အချိန်လွန်မှ နောင်တရရင်
       ပေးဆပ်ရမဲ့တန်ဖိုးက
       အသည်းနှလုံး တစ်ခုလုံးမို့ပါ .....

                                                             ဆူးသစ်