မိုးပြေး
စွဲ ၀င် စိုက် တိုး
မြတ်နိုး ရစ် ချည်
သည်လူ့ရင်မှာ
အုံ့မှိုင်းကာ စွေသယောင်ပြ
လျှက်လက်လို့ မိုးပါခြိမ်းခဲ့
ရင်ခွင်နန်းစံ မင်းလာဖို့
နှလုံးသားတစ်ခုကို ငါယစ်ပူဇော်ခဲ့တယ် ။
ဒါပေမယ့် မိုးရယ်
မိုးရိပ်တွေ ပြ မိုးနံ့တွေပေးပြီး
ရုတ်တရတ် နင်ထွက်ခွာသွားတယ် ။
ရင်ခွင်တ၀ိုက် မှာ
မင်းစိုက်ခဲ့တဲ့ မေတ္တာပျိုးပင်တွေ
မိုး လို့ မြည်တမ်းနေတာ
မသိဟန်ပြုလို့
နှုတ်မဆက်ဘဲ
နင်ခွဲရက်တယ် ။
လတ်ဆတ်ဆဲ အလွမ်းတွေနဲ့
ဟတ်တတ်ကွဲ အသည်းမှာ
ပက်ကြားတွေတောင် အက်နေပြီ ။
အိုအေစစ်မဲ့
ရှားစောင်းထူတဲ့
ငါ့ဘ၀မှာ
ရေတွင်းတူးရင်း
No comments:
Post a Comment