စာမျက်နှာများ

Friday, September 28, 2012

ကြယ်ဖြူ


                                                      ကြယ်ဖြူ                                                    


ကောင်မလေး နင်ဟာ
ဖြူစင် သန့်ရှင်း လင်းလက် တောက်ပ
မိုးထက်က ကြယ်ဖြူတစ်ပွင့် ။
ဦးတည်ချက်မရှိ မျောချင်ရာမျော
လောကထက်မှာ လွင့်ချင်ရာလွင့်တဲ့
ငါက လေလွင့်တိမ် ။
ငါ လာရင် နင်မှိန်တယ်
ငါ ပြေးရင် နင်ထိန်တယ်
အဝေးက ငါ နင်သာတာကို
မျှော်ငေးရင်း ဆွေးသထက်ဆွေးခဲ့
လွမ်းသူ့ရင်မှာ မျက်ရည်ခိုးဝေ
မိုးစက်တွေ ဖြစ် ကာ မြေပြင်ပေါ် ခုန်ဆင်းခဲ့ ။
နက္ခတ်စုံ ညမှာ
ကြယ်ဖြူ တစ်ပွင့် လည်း ကြွေလွင့်ခဲ့ ။
ငါ လွမ်းတယ် ကြယ်ဖြူရယ်
ရေခြား မြေခြားမှာ
အသည်းနင့်အောင် ချစ်နေရသူမို့
နက်ရှိုင်းတဲ့ အလွမ်းဒဏ်ကို
အလူးအလဲ ခံစားနေရချိန်မှာ
ယဲ့ယဲ့ လေးပြုံးရင်း
ဆုတောင်းနေတယ်
( နှောင်းအရပ်
ကောင်းကင်ထက်က
ကျိန်စာဆိုးတွေ
ပြေပါစေ)  လို့




waiyanhtun

No comments:

Post a Comment