စာမျက်နှာများ

Saturday, September 29, 2012

နောက်ဆုံးကဗျာ


                                နောက်ဆုံးကဗျာ
  

ရှောင် ပြေး ခွဲ ထွက်
အသက် သခင် မေတ္တာရှင် ရယ်
နင် ဘယ်ရောက်နေမလဲ
ရင်တော်ပြန် လမ်းမှာ
ပန်းတွေ အလွမ်းတွေ အနမ်းတွေ နဲ့
နင့် ခြေလှမ်း တစ်စုံ ကို
မှန်းမျှော်နေကြ ။
တမ်းတကာ လွမ်းသမျှမှောက်တော့
ပိတောက်တွေလည်း အကြိမ်ကြိမ် ပွင့်ခဲ့ပြီ
ချောင်းရေထက်က ပိတောက်လို
နောက်တစ်ယောက်နဲ့ ဆုံ စည်းနေပြီလား ?
နွေဦးမှာ ခွဲ
လွဲခဲ့တဲ့ ငယ်ချစ်
ဘဝသစ် တစ်ခု ဖန်ဆင်း
နင်းချန်တဲ့ ငါ့ရင်ခွင်
ဆင်ခြေ မပေးပါနဲ့တော့
နင်လေ မဝေးခဲ့ ရင်
ပိုင်ဆိုင် ခွင့် လေးတော့ ငါ ရဦးမယ် ။
အခုတော့
အလွမ်းကြား
စည်းတွေ နံရံတွေ ခြားမှ
နင်ပြန်လာတယ်
သက်တံ့ တားချိန်
မိုးမရွာတော့
ခေါင်းမော့ ကျန်ရစ်
အချစ်တွေ ……. မျက်ရည်တွေ …….. ရွက်ကြွှေတွေ ……..
နောက်
ဒီကဗျာ တစ်ပုဒ်ပါ။    ။
                                               UCH လူငယ်များ .......သို

No comments:

Post a Comment