စာမျက်နှာများ

Friday, October 5, 2012

ဂုဏ်ငယ်ပန်း


by Htoozaw Myo on Friday, October 5, 2012 at 9:43pm ·
သူ့ရဲ့ အရောင်ကနီရဲရဲ
ဒါ ... ရဲရင့်ခြင်းရဲ့ပြယုဂ်ပေါ့
ဒါပေမယ့်

နှင်းဆီလို မာနဆူးသူ့မှာမရှိဘူး
သဇင်လို တော်ဝင်ပန်းမဟုတ်ဘူး
သူဟာဂုဏ်ငယ်ပန်း .....
ပိတောက်တွေ သစ္စာမဲ့ချိန်မှာတောင်
သူသစ္စာမပျက်ခဲ့ဘူး
လေထန်ထန် မိုးမှောင်မှောင်မှာ
မိုးဒဏ်လေဒဏ်ကိုအံတု
လောကကိုအလှခြယ်
မလျော့သော ဇွဲနဲ့ရဲရဲနီလျက်ပဲ
မြေမှာကြွေကျ အကြွေပန်းဘဝနဲ့
မြေခချိန်မှာ လူသူဖြတ်နင်းလည်းပဲ
သူမတုန်လှုပ်ဘူး
သူပွင့်မြဲပွင့်ခဲ့တယ်
ပန်သူမရှိ မြတ်နိုးသူနတ္ထိ
လူတွေရဲ့ ဥပေက္ခာကိုခံယူ
လောကကိုအလှဆင်သူ ...စိန်ပန်း
သြော် ...... အားကျဖွယ်ကောင်းလိုက်တာ။

ဆူးသစ်

No comments:

Post a Comment