စာမျက်နှာများ

Friday, October 26, 2012

ဆိတ်သုဉ်းသံစဉ်



တိတ်တဆိတ်နဲ့ သုန်းသွားခဲ့ရတဲ့ နှလုံးသားအစုံ

တေးသံစဉ်လည်း....မညည်းနိုင်တော့.......။

အချိန်မှန်မရွာတတ်တဲ့...အခါမဲ့မိုးလို........

ရင်ခွင်ဦးမှာ..ကိုးကွယ်ဦးတိုက်မှားခဲ့တဲ့

အချစ်နတ်ဆိုး..ချောက်လန့် လွန်းတယ်

အသည်းနံရံ..စာမျက်နှာတစ်ရွက်ပေါ်

သူအလိုအလျောက်...စာတင်ခဲ့ရတဲ့

အသည်းကွဲ..အတိုအထွာတွေ....

ကဗျာအဖြစ်နဲ့ သာ..ကျန်ရစ်တော့တယ်

အမှတ်တမဲ့.........ဖူးဝေလာတဲ့

နှလုံးသားရွက်စွယ်လေး.တစ်သွယ်

အလွမ်းတွေ...အဆွေးတွေကိုဖက်

နာကျင်ခြင်းနိမိတ်က..တကယ်ဖန်သောအခါ

ကြွေရပြီ....လွင့်ရပြီ...အသည်းကွဲတေးကို

မဆိုချင်ပေမယ့်...ဟစ်ညည်းရပြီ....

ရင်မှာတေးမသာပေမယ့်..လတ်ဆတ်တဲ့

အမာရွက်...သစ်လွင်သောဒဏ်ရာတွေက

မကျက်နိုင်...နှလုံးသားဆိုတာရှိလေသရွေ့ 

အသည်းကလည်း...ရှိသေးတယ်...

အချစ်ကလည်း..ဆက်ရှိနေဦးမယ်

ကွဲအက်ဒဏ်ရာကြောင်းကြားမှလည်း

အလွမ်းရေကြည်လေးတွေ.........

အဆွေးကျောက်စရစ်လေးတွေ

နာကျင်တိုက်စားမှုတွေ.... နှလုံးသားနဲ့ အတူ...

ကာရံလိုက်နေဦးမယ်..............

ရင်ဆိုတာ..နှလုံးသားဆိုတာလည်း

ခံစားနိုင်သောအတိုင်းအတာရှိတယ်

ထိုထက်ကျော်လွန်လာရင်တော့

ရင်မှောင့်ရတယ် ...မျက်ဝန်းတို့ 

ငိုရလိမ့်ဦးမယ်.......။ ။

(လွမ်းသူနောင်-နှလုံးသားအပိုင်းအစများ)

No comments:

Post a Comment