စာမျက်နှာများ

Monday, October 15, 2012

ဘဝ သားကောင်

ဖြန်းကနဲ ရိုက်ပြီး
ချာကနဲ လှည့်ထွက်သွားတယ်
ရက်စက်လိုက်တဲ့ ကောင်မလေး
ယောက်ျား မာန တို့ အနုတ်ဘက် ပြနေတဲ့
မတ်တပ် ရပ်နေသူ
ရှက်ရမ်း နီမြန်း မျက်နှာ နဲ့
မျက်လုံးပေါင်း တစ်ထောင်အောက် မှာ
သူလည်း ချာကနဲ လှည့်
စိတ် နဲ့ ကိုယ် မကပ် ဘဲ
ပြေး ထွက် ခဲ့ တယ်

ရှေ့ မှာ သေ မင်း
လော်ရီကား ကြီး တစ်စင်း
အရှိန် ပြင်းပြင်းနဲ့
သူ့ရင်ကို နင်းခဲ့ပေါ့
ဟိုတစ်ခြား ဘက်
လမ်းအကွယ်မှာ တော့
ကောင်မလေးတစ်ယောက်
ခြေဆောင့် ဆူအောင့် လို့
ရင်ကွဲ ကျန်ရစ်သူ
သွေးချင်းချင်းနီတာ သူ မမြင်
ချစ်ခြင်းရဲ့ နိဂုံး
အဆုံးသတ်က ဒါပဲလား
သူငယ်ချင်းရယ်
ကောင်းရာ သုဂတိ လားပါစေ

သြော်
အချစ် နယ်ပယ်မှာ
မေတ္တာစေကျွန် တစ်ပွင့်
ကြွေလွင့် ခဲ့တာ
ပိတောက်တောင် သုံးခါ ပွင့်ခဲ့ပြီ 
                                                                                       ဝေယံထွန်း

No comments:

Post a Comment