စာမျက်နှာများ

Friday, October 5, 2012

အရှုံးသမားရဲ့ ဒိုင်ယာရီ


by Htoozaw Myo on Friday, September 14, 2012 at 3:44pm ·
ဖြူစင်လွန်းတဲ့ မင်းမျက်ဝန်းတွေထဲ
ငါ ရိုးရိုးလေး ကျဆုံးခဲ့တာပါ....
ဆို့နစ်ကြေကွဲ မျက်ရည်တစ်စက်နဲ့
ကြယ်ကြွေညတိုင်း .....
အသက်မဲ့အလွမ်းအိပ်မက်တွေမက်နေမိတယ်
တိမ်တွေရဲ့ မျက်ရည်နဲ့အတူ
ရင်းနှီးခွင့် ရခဲ့တဲ့ ကြွေကွဲတေးတစ်ပုဒ်
အရှုံးသမားရဲ့ မျက်ရည်နဲ့အတူ
စီးဆင်းခဲ့ရပေါ့.....
ဝိုးတဝါး အသိတရားတို့ကြား
မျှော်လင့်ချက်မဲ့ ရှင်သန်မှုနဲ့
နှလုံးသားရဲ့မျက်ရည်မြစ်ထဲ
အလွမ်းပန်းတွေ စီးမျောရင်း
အမုန်းဒဏ်သင့် ငှက်တစ်ကောင်ကတော့
ငိုကြွေးမှု သံစဉ်နဲ့
အဆွေးသီချင်းတွေ သီဆိုလျက်ပါ....

                                                       ဆူးသစ်

No comments:

Post a Comment