ချစ်တယ်လို့ပြောဖို့ခွန်အား
နှလုံးသားကပေးစွမ်းပေမယ့်
ဘဝရဲ့အသိကလက်မခံခဲ့ဘူး
ကောင်းကင်နဲ့မြေ ကြီး ပေါင်းစပ်ဖို့
မလွယ်သလို
နီးစပ်ဖို့မလွယ်တဲ့
နင်နဲု့ငါရဲ့ ဇာတ်လမ်းမှာ
မဖြစ်ချင်လို့နောက်ဆုတ်ခဲ့တာ
မဟုတ်ဘူး
မဖြစ်နိုင်လို့ရှေ့မဆက်ခဲ့တာပါ
သတ္တိကြောင်တယ်လို့ပြောချင်ပြောပါ
သူရဲဘောနည်းတယ်လို့ ထင်ချင်ထင်ပါ
အချိန်လွန်မှ နောင်တရရင်
ပေးဆပ်ရမဲ့တန်ဖိုးက
အသည်းနှလုံး တစ်ခုလုံးမို့ပါ .....
ဆူးသစ်
No comments:
Post a Comment