စာမျက်နှာများ

Sunday, October 7, 2012

အပျိုးမှားသောပန်း


                       အပျိုးမှားသောပန်း
မေတ္တာရေ တစ်စက်
ဖြန်းပက်လို့ အသက်ဆက်
ရင်ထဲက ပန်းတစ်ခက်
အတက်အလက်တွေထွက်
ငှက်တစ်ကောင် ဖြစ်ကာ
ပျံတက် ထွက်ခွာ
ဌာနေ ရင်ထံ ခြေစုန် ပြင်းကန်
မင်းပြန်ရာ လမ်းတစ်လျှောက်
ဆူးညှောင့် ကန်သင်း ကင်းပါစေ ။
ရင်ခွင်ဆွေးရစ် ပန်းနစ်ခြေရာမှာ
နေမွှေးကြွေမွှေး ခရေပန်းလေးလို
မွှေးဆဲ ကြိုင်ဆဲ ပါပဲလေ ။
အတောင်ညောင်းရင်
ပြန်ခဲ့ နေဟောင်း
မေတ္တာ မပြောင်းသလို
သစ္စာ အတွက်ပါ ဆုတောင်းပေးမယ် ။
ငှက် တဖြစ်လဲ ပန်းခရေ
မျက်ရည် အခင်းပေါ် ခြေလှမ်းရင်း
လမ်းတစ်လျှောက် ပိတောက်ကမ်း
အနမ်းတစ်ပေါက် ခြောက်ခမ်း
ပြန်လာမယ့် လမ်းမှာ
အလွမ်းတွေ နဲ့ ကြိုပါရစေ ။         
                                      ဝေယံထွန်း

No comments:

Post a Comment