တိတ်ရိပ်နောင်းရော်
"' တိတ်ရိပ်နောင်းရော်""
မဝေးတိတ်က...တစ်ယောက်သောသူ..
ကောင်းမလေးကို..တစ်ဖက်သတ်တွယ်
ချစ်ကြင်ငဲ့ ၍...........ထိန်းသိမ်းမွေးမြူ
ရှည်ကြာလတ်သော်.. ရွက်ဟောင်းမြေလွင့်
ကြွေဆင်းလှစ်သို့ ...ရင့်မာချစ်သည်
လျှောထွက်ဆင်းလာ..သူ့ ရှေ့ရောက်လျှင်
ခြေလှမ်းမရွေ့...............အချစ်စကား
ပြောမည်ကြံတိုင်း..........နူတ်ထွက်မပီ
တုန်လှုပ်နှလုံး..............ဆွံ့အလေရာ
၊ မရုန်းနိုင်မူ........ ......တဖြည်းဖြည်းနှင့်
ပြုမူသိလည်း..............သူကတထွေ
၊ မသိလေယောင်... ဆောင်လေသော်။
ဒီရင်နှလုံး........သွက်သွက်ခါအောင်
ချစ်ကွဲနာကျင်......ပူလောင်ခြောက်ခြား
. ကြွေကွဲလွန်းလို့ .မျက်ရည် ကြည်ပေါက်
ကျဆင်းလျော့ဘိ....ဆက်ချစ်ကြင်လျှင်
လွမ်းသိမ့်မည့်နှယ်.....ဖြေသိမ့်ရတည့်
ရှောင်ကြဉ်ကွယ်တိမ်း....နှလုံးစိတ်ကို
ဖြေသိမ့်စိတ်ခွန်..........မချစ်လေနှင့်
မေ့ရေကြီးအောင......ကြိမ်ကြိမ်ရွာသွန်း
ဖြိုးကြွယ်လွမ်းကျော်..ချစ်ညစ်ကင်းစေ၊
ခိုင်ကြည်စိတ်နှင့်.........သူကိုယ်ရင်ထဲ
မေ့ပစ်လွင့်လှော်၊.......နာကျင်ဆွေးကူ
စင်လောင်းသော်။ ။
ဖြူဖွေးခဲ့ပြီ.............၊နှလုံးသားသည်၊
ဆုံးဖြတ်မှတ်လျှင်.........၊ထိုစဉ်ခါက
သူ့ ပြုံးရိပ်ကို.....၊ကြည်မြူးသက်ဆင်
ခဏပျော်ဆင်......၊စွေ့စွေ့ လူးလည်း
း ရေရှည်နောက်ကွယ်...၊ကြေကွဲရက်ဝယ်
တွယ်တာချင်မိ၊...လွမ်းငွေ့ ဆွေးတောင်
ကျော်လွားအောင်မှ.......ခုသော်တမူ
သူပြုံးပုံလည်း...............ထိုပြုံးမှော်ကို
ရွံ့ ရှာစက်ဆုပ်............မကြည့်ဝံ့ကာ
နူတ်ကတရွ...လိုလျောက်ခွန်းသည်
ဒီဘ၀မှာ...........သူနှင့်ဘယ်တော့
မဆုံဖူးစ.................၊ဝေးရစေလို
မတွယ်သော်။ ။
ဖူးစာဆုံးလင်..................၊ချစ်ခဲ့ရသူ
နှလုံးသားက..တစ်ယောက်တည်းသာ
ကျောင်းဖွင့်ရာသ..၊ဆောင်းရက်မြူဝေ
စမြင်ချစ်ကာ........လက်ပံလှိုင်လှိုင်
ပွင့်ဖူးမော်သည့်........နွေနှင့်အတူ
ချစ်ကြောင်းသိမ်းဆည်း.. တမာဝေေ၀
ဖြူးဖွေးပွင့်တို့.......လေဟုန်ရွက်လွင့်
ကြွေဆင်းသင်ချိန်....သူသိပြုလည်း
တုံ့ ကင်းမဲ့ပြီး............မချစ်နိုင်သူ
ဘယ်ကြင်မလဲ.....ချစ်လွန်းကြိုးစ
မပြတ်လိုဝန်....နောက်ဆက်သစ်မှာ
နှစ်ပင်တစ်နွယ်...ရေစက်လျှိုးတိုင်
ကြင်စင့်သော်။ ။
လွမ်းသူနောင်(အခြေခံကျန်းမာရေးတက္ကသိုလ်)
(နှလုံးသားအပိုင်းအစများ)
No comments:
Post a Comment