စာမျက်နှာများ

Sunday, October 7, 2012

နှောင်းနောင်တ

အထီးကျန်ကောင်းကင်ယံမှာ
တိမ်ညိုတွေဖုံးလွှမ်း
ကြယ်စင်တွေမြေခလို့
လမင်းကြီးငိုနေလေရဲ့
တကယ်တော့
ကြယ်ကြွေတာ သဘာဝမို့
တိမ်ဖုံးလို့လမသာတာလည်း
မထူးဆန်းပါဘုး
နှင်းဆီိကိုမှရွေးချစ်ပြီး
မာနဆူးကိုလျစ်လျူပြုခဲ့တဲ့
ငါ့ကိုယ်ငါပဲ အပြစ်တင်ရမှာပါ
ခံနိုင်ရည်မဲ့နှလုံးသားကိုမှ
်စိမ်းကားမှုဆူးတစ်ချောင်းဖောက်ထွင်း
ရက်စက်မှူနွယ်ရှင်များကြား
ကြေကွဲခြင်းဝေဒနာကို
သံစဉ်အဖြစ်ပျော်ဝင်စေခဲ့
အချစ်ဆိုတာ
အလွမ်းဖြစ်တည်ရာ မြစ်ဖျားမှန်း
သိလိုက်ရချိန်မှာ
ကျေးငှက်တွေအိပ်တန်းတက်လို့
တမာတွေတောင်ငိုနေလေရဲ့

ဆူးသစ်

No comments:

Post a Comment